Sunday, December 8, 2013

Facebook အကောင့်ကို Comfirm Code မတောင်းအောင် ဖွင့်နည်း

ဒီနည်းလမ်းလေးကတော့လယ်တီမြေဆီက ကြိုက်လွန်းလို့  ခိုးလာ အဲလေ! copyယူလာ တာပါ အိုင်တီမုဆိုးကြီး ရေးထားတာပါ။ Credit ပေးပါတယ်ဗျာ ။အောက်မှာဆက် ဖတ်လိုက်ကြရအောင်နော်။

အခုရက်ပိုင်းအတွင်း Facebook အကောင့် အသစ်ဖွင့်တိုင်းEmail Confirmation လုပ် လိုက်တာနဲ့တစ်ခါတည်း အကောင့်ကလော့ ကျသွားတာတွေ ကြားနေရပါတယ်။ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့် ကြည့်လိုက်တာတကယ်ပဲ Email အတည် ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထား လို့ ဘာညာဆိုပြီးလော့ကျသွားပါတယ်။ပြန် ရချင်ရင်တော့နိုင်ငံခြားကအသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး သူ့ဖုန်းနံပါတ်ကို ထည့်ပေး FB က Text Message ပို့ပေးခဲ့ တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်း ရနိုင်ပါတယ်။အလုပ်လည်း ရှုပ်သလို ရနိုင် မယ်မရနိုင်ဘူးလည်း မသေချာ။နောက်ထပ် လော့ကျနိုင်ခြေဘယ်လောက်နီးစပ် မစပ် လည်း မသေချာဆိုတော့ အကောင့်ဖွင့်က တည်းကလော့မကျအောင်ဖွင့်နိုင်မယ့်နည်း လမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို သွားတွေ့ပါတယ်။  ဒီနည်း လမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့် ကြည့်တာအားလုံးအဆင်ပြေပြေနဲ့အောင် မြင်တာကို တွေ့ရပါတယ်။အကောင့်သစ် အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထား လိုက်ပါ။

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmailအကောင့်အသစ်တစ်ခုဖွင့်လိုက်ပါ တယ် ။ပြီးတော့ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့် ထားပါတယ်.. ပြီးရင်Facebook  အကောင့် သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်။First name Last name နေရာတွေမှာ အင်္ဂလိပ် နံမည်တွေ ထည့်ပေးပါတယ်။(ကျွန်တော့်တို့ မြန်မာနံမည်တွေကအနောက်နိုင်ငံတွေရဲ့ နံမည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook ကယူဆတတ်လို့ ပါ )ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သ မျှ Email အကောင့်ထဲကအချက်တွေနဲ့ တူ  အောင် ထည့်ပေးပါ။ မွေးသက္ကရာဇ်ထည့်တဲ့ နေရာမှာ တစ်ခုသတိထားရမှာကလက်ရှိအ ချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက် ချက်ပြီး  ထည့်ပေးပါ ။  ( 13နှစ်ကျော်ရင် လည်းရပေမယ့် တစ်ခါတစ်ခါ Error တက် တတ်လို့ပါ . )ကျန်တာတွေကိုတော့ ပုံမှန်အ တိုင်းပဲ ထည့်ပေးသွားပါ။ နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆို တာလေး ပြနေမှာကိုပြောတာ)ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..

( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ ပါ .. )နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့် ပေး ရပါမယ် ..School မှာ အင်္ဂလိပ်လို ကျောင်း တစ်ကျောင်းရိုက်ထည့်အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြ လာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက် တာကိုရွေးနှိပ်လိုက်ပါ(ကိုယ်ထည့်ချင်တာကိုထည့်လိုက်တာမဟုတ်ပါဘူး။Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေး လိုက်တာပါ )University နဲ့ အောက်က အ ကွက်တွေမှာလည်း ဒီအတိုင်းပဲ။Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေး လိုက်ပါ။( အဲဒါတွေက နောက်မှ ပြင်လည်းရ တယ်လေ )နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတင်ပေးလိုက်ပါ။  ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်

Friends အပ်ခိုင်းတဲ့အဆင့်ဝင်လာပါတယ်။ ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက် လောက်ကို Friend Request လုပ်လိုက်ပါ ..

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့် တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကို လည်း စက်တစ်လုံးကနေ Log in ၀င်ထား ပြီး  Friend Request လုပ်တာကို ချက်ချင်း ပဲ Confirm လုပ်ပေးလိုက်ပါ ..အဲဒီအဆင့် ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )။   Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင် ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကို ဖွင့်ပြီးComplete Sign Upကိုမနှိပ်ပဲသူပေး ထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါ မယ် ..Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲStatus လေး တစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ ။ဒီနည်း လမ်းတစ်ခုလုံးမှာ ကျွန်တော်အသုံးချသွား တာက Browserတွေမှာ မှတ်သားထား လေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကိုမပိတ်ပဲ ထားခိုင်း တာပါ )

သေသေချာချာ ဒီထက်သိချင်ပါက ဒီနေရာလေးသို့ သွားလိုက်ပါ

နေဇာလင်း { ONLINEKNOWLEDGE }

NZLfacebook နှင့်ပါတ်သတ်သမျှ


2 comments:

  1. facebook အကောင့်ဖွင့် ရင်းနဲ့ log ကျသွားတဲ့အကောင့်တွေကို ပြန်ယူချင်ပါတယ် ဘယ်လိုယူရမလဲ ပြောပြပါ အကို

    ReplyDelete
  2.ူအကောင့်ဖွင့်ရင်းနဲ့ လော့ကျသွားတဲ့အကောင့်တွေ တော်တော်များနေလို့ ပါအကို အဲ့ဒီအကောင့်လေးတွေကို ပြန်လိုချင်ပါတယ်

    ReplyDelete

အဆင်‌‌ပြေတယ်‌။‌ကျေးဇူးတင်‌တယ်‌ဆိုရင်‌comment‌လေး‌တော့‌ပေးခဲ့ကြပါ♥♥♥