Friday, July 18, 2014

19July

July 19 ....

ကြယ်တွေ လင်းလက်နေဆဲ
ညကောင်းကင်တော့ ဟုတ်ပါဘူးလေ
ငါတို့  ရင်အစုံမှာ
ရာသီ ချိန်ခါ ဘယ်လိုပြောင်းလဲ
အဖေ တို့ ကို ချစ်တဲ့  စိတ်မပြောင်းလဲ ပါ ။
သခင်ဆိုတဲ့  ခေါင်းစဉ်တပ်ပေးခဲ့ တဲ့ 
အဖေတို့  ရဲ့ သွေးတွေ
အဖေတို့ ရဲ့ ချွေးတွေ
ကျူပ်တို့ နယ်နမိတ် မှာအမြဲ ဘောင်ခတ်ထားစမြဲပါ ။
အမျိုးယုတ်လို့ 
အဖေတို့ကို စွန့် လွတ်ရပေမဲ့ 
ကျွန်တော်တို့ မျက်ရည်တွေ အခုထိ ၀ဲနေလျက်ပါ
ကျွန်တော်တို့ရှိုက်သံတွေ ကြားရမြဲပါ ။
အဖေတို့ကြောင့်
ကျွန်တော်တို့ နိုင်ငံတော်သီချင်းကိုရဲ ၀ံ့စွာဆိုနိုင်ခဲ့ တယ်
အဖေတို့ကြောင့်
ဗမာ ။ မြန်မာ ဆိုတာ ဂုဏ်ရောင်ဝံ့ခဲ့ တယ်
အဖေတို့ ကြောင့် ပါ
အရာအားလုံး ကို အဖေတို့ ထုဆစ်ပေးခဲ့ တယ် နော်
ကျွန်တော် လက်တွေတုန်နေပီ အဖေ
ကျွန်တော့် မျက်ဝန်းတွေ အရည်လဲ့ နေပီ အဖေ
ကျွန်တော့် နှလုံးသားတွေတဆတ်ဆတ် ခါနေပီ အဖေ
..............
ဘာပဲဖြစ်ဖြစ်
အဖေပြောခဲ့ တဲ့ 
" ငါ့ခေါင်းကသွေးချင်းချင်းနီပါစေ
ငါကား ဘယ်တော့မှ ဦးမညွှတ် "
ဟုတ်တယ်အဖေ
ကျွန်တော်တို့ ဘယ်တော့မှ ဦးမညွှတ်ပါ
၁၉ ဂျူလိုင် ကလွဲလို့ ပေါ့



 ပျော်ဘွယ်သားပြည့်လျှံ 


အဆင်ပြေကြပါစေ

No comments:

Post a Comment

အဆင်‌‌ပြေတယ်‌။‌ကျေးဇူးတင်‌တယ်‌ဆိုရင်‌comment‌လေး‌တော့‌ပေးခဲ့ကြပါ♥♥♥