Pages

Pages

Pages

Thursday, May 15, 2014

ရှိမှာမဟုတ်ဘူး

                   ရှိမှာမဟုတ်ဘူး

မင်းအတန်းရှေ့ကို    လာတိုင်း
အတန်းချိန်တစ်ချိန်သာ ရမယ်ဆိုရင်
ငါလောက်Rollcall   ပြည့်တဲ့သူ
ရှိမှာမဟုတ်ဘူး

မင်းအကြောင်းတွေ   တွေးတိုင်း
စာတစ်ပုဒ်သာရမယ်ဆိုရင်
ငါလောက်စာတော်တဲ့သူ
ရှိမှာမဟုတ်ဘူး
မင်းအကြောင်းကဗျာတစ်ပုဒ်ရေးတိုင်း
ဘွဲ့တစ်ဘွဲ့ရမယ်ဆိုရင်
ငါလောက် ပညာတတ်သူ
ရှိမှာမဟုတ်ဘူး

မင်းတစ်ယောက်သာ
ငါ့ကို ပြန်ချစ်မယ်ဆိုရင်
ငါလောက်ပျော်မယ့် သူ
ရှိမှာမဟုတ်ဘူး

ကျွန်တော်ဟာ  ကဗျာရေးရတာ ဝါသနာပါသူ
တစ်ယောက်ပါ
ကျောင်းမှဆို ကျွန်တော်ကဗျာလေးတွေက
သူငယ်ချင်း တွေကို ကူညီပေးခဲ့ပါတယ်
မိတ်ဆွေတွေလည်း အပျင်ပြေ ဖတ်ဖို့
တင်ပေးလိုက်တာပါ 
ဒီနေ့ application မတင်ဖြစ်တဲ့အတွက်
သူအစား ကဗျာတင်ပေးလိုက်တာပါ

www.kaungkalayprogram.blogspot.com

No comments:

Post a Comment

အဆင်‌‌ပြေတယ်‌။‌ကျေးဇူးတင်‌တယ်‌ဆိုရင်‌comment‌လေး‌တော့‌ပေးခဲ့ကြပါ♥♥♥