Showing posts with label facebook news. Show all posts
Showing posts with label facebook news. Show all posts

Saturday, December 7, 2013

FACEBOOK မှာ ဖတ်ချင်သာ သိမ်းထားလို့ရတော့မယ့် SAVE FEATURE

လူမှုကွန်ရက် Facebookပေါ်မှာ မိမိဖတ်ချင် တာတွေကို Read later ဆိုတဲ့ pop up button လေးကို နှိပ်ပြီး Save လုပ်လို့ရတဲ့ Feature အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။အများဟု အနေနဲ့ ကိုယ်ဖတ် ချင်တဲ့ Post တွေ၊ ကြည့်ချင်တဲ့ ပုံတွေ၊ စာ တွေကို မိမိရဲ့  Wall မှာ Only me နဲ့ ရှဲတာ တို့၊ public နဲ့ Share တာတို့ အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ အဲလိုမှ လုပ်မ ထားရင်လည်း သူငယ်ချင်း မိတ်ဆွေတွေကို Message box ကနေ Link ပေးပြီး save လုပ်တဲ့အထိတောင် ပေါက်ပေါက်ရှာရှာ လုပ်တတ်ကြပါသေးတယ်။ ယခုတော့ ယင်း အခက်အခဲတွေကို Facebook က ဖြေရှင်း ပေးတော့ မှာ ဖြစ်ပါတယ်။ မိမိ ဖတ်ချင်တဲ့၊ ထပ်ကြည့်ချင်တဲ့ Post တွေရဲ့  Link တွေကို Save လုပ်ထားပြီး News Feed တို့လို အောက်မှာ တစ်နေရာမှာ Saved ဆိုတဲ့ Button လေးကို မြင်ရစေမှာ ဖြစ်ပါတယ်။ ယင်း Saved ကိုနှိပ်လိုက်ရင် ကိုယ် ဖတ်ဖို့ အတွက် Save လုပ်ခဲ့တာတွေကို မြင်တွေ့ ရမှာပါ။ ဒီအတွက် မီဒီယာများက Leaked Photo များနဲ့ တကွ ရှင်းလင်း ပြသခဲ့ခြင်း ဖြစ် ပါတယ်။ သို့ပေမယ့် Faceboook က တရားဝင် မကြေညာရသေးပါဘူး။ လော လောဆယ် အကောင့် အချို့ မှာ ဆန်းသတ် ပေးနေပြီး မကြာမီ အားလုံးကို Publically effect ဖြစ်အောင် ပြောင်းလဲပေးမှာ ဖြစ်ပါ တယ်။ Facebook ကို "the best personal ized newspaper in the world" ဖြစ်ရ မယ်လို့ ဇူကာတ်ဘတ် တရားဝင် ကြေညာ ခဲ့ဖူးပါတယ်။ ယခု ဒါကို အကောင်အထည် ဖော်ခြင်း ဖြစ်ပါတယ်။နောက်ဆိုရင်Google လိုပဲ e Reader တွေပါ မြင်တွေ့ရမယ်လို့ ခန့် မှန်းထားကြကြောင်း သိရ ပါတယ်။

.

Ref: pocketlint

Credit>>> အောင်ခမ်း ( smart.com.mm ) 

နေဇာလင်း { ONLINEKNOWLEDGE }


Tuesday, December 3, 2013

Hide All နေရာတွင် Unfollow ခလုတ်ဖြင့် Facebook အစားထိုး

Facebook ကုမ္ပဏီသည် သုံးစွဲသူများ News Feeds သုံးစွဲရာတွင် အဆင်ပြေ စေ ရန် Hide All ခလုတ်နေရာတွင် Unfollow ခလုတ်ကို အစားထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ Unfollow ခလုတ်သည် Hide All ကဲ့သို့ပင် မိမိသူငယ်ချင်းများ ၏ နေ့စဉ် update များကို ငြီးငွေ့လာပါက မမြင်မတွေ့ ရအောင် ဖျောက်ဖျက်ပေးနိုင်ပြီးFb ကုမ္ပဏီ အနေဖြင့် စကားလုံး အဓိပ္ပာယ်ကိုသာ    ပြောင်း လဲခဲ့ခြင်း ဖြစ်သည်။ယခုအခါတွင် Twitter နှင့် Instagram တို့ အသုံးပြုမှုများ ပြားလာသောကြောင့် သုံးစွဲသူများ အနေ ဖြင့် Unfollow botton ဖြင့်ရင်းနှီးလာပြီး follow နှင့် Unfollow button တို့သည် လည်း Facebook ပေါ်တွင် အသုံးများလာ နိုင်ဖွယ်ရှိသည်။Facebook သုံးစွဲသူများ၏ profile များတွင် Like button နှင့်အတူ Follow button လည်းပါဝင်လာပြီး တစ်စုံ တစ်ယောက်အား Follow ပြုလုပ်နိုင် ကြောင်း သိရသည်။ယခုပြောင်းလဲမှု၏ရည် ရွယ်ချက်မှာ စိတ်ဝင်စားသည့်အကြောင်းအ ရာများ News Feed တွင်ပိုမိုမြင်တွေ့နိုင်ရန် သုံးစွဲများကိုကူညီရန်ဖြစ်ကြောင်း Fb၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကပြောကြား သွားသည်။


Ref: TechCruch

နေဇာလင်း { ONLINEKNOWLEDGE }

NZL facebook နှင့်ပါတ်သတ်သမျှ