Showing posts with label mobile news. Show all posts
Showing posts with label mobile news. Show all posts

Friday, August 8, 2014

LG က တောင်တောင်ကိုရီးတွင် G3 Aကို ကြေငြာ

LG က တောင်ကိုရီးယားတွင် G3 ၏ မူကွဲဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ G3 A ဟု အမည်ပေး ထားပြီး နိုင်ငံတကာတွင်ရောင်းချနေသော G3 ကို ဈေးသက်သာစေရန် စွမ်းဆောင်ရည် အနည်းငယ်လျှော့ ချပေးထားသော အမျိုးအစားဖြစ်ပါသည်။

Thursday, December 19, 2013

iPhone 4S နှင့် iPhone 5 အချို့တွင် iOS 7 သို့ဗားရှင်း မြှင့်တင်ချိန်တွင် Message Center နံပါတ်ပျောက်ခြင်းများ ဖြစ်ပေါ်နိုင်

iPhone 4S နှင့် iPhone 5 အချို့တွင်အသစ် ထွက် OS Version ဖြစ်သော iOS 7.0.4 သို့ ဗားရှင်းမြှင့်တင်ချိန်တွင် အချို့သော ဖုန်း များ ၌ ဖုန်းအတွင်းရှိ Message Center နံပါတ် ပျောက်သွားခြင်းများ ရံဖန်ရံခါ ဖြစ် ပေါ် တတ်ကြောင်း သိရသည်။

ယင်းသို့ Message Center နံပါတ်ပျောက် သွားခြင်းများ ဖြစ်ပေါ်လာသောဖုန်းများတွင် Message ပို့၍မရနိုင်တော့ ပြဿနာများ ဖြစ်ပေါ်လာနိုင်သော်လည်း အဆိုပါ အခက် အခဲနှင့် ပြဿနာအား ဖုန်းအသုံးပြုသူများမှ မိမိတို့ကိုယ်တိုင် အလွယ်တကူပြန်လည်ဖြေ ရှင်းပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Message Center နံပါတ် ပျောက်သွား သော ဖုန်းများအနေဖြင့် မိမိတို့ဖုန်းများ၏ ဖုန်းခေါ်ဆိုရာ Keypad နေရာတွင် *5005*7672*+95959300 03# အား ရိုက်ထည့်ကာ Call ကိုနှိပ်လိုက်ရမည် ဖြစ် ကြောင်းသိရသည်။ ယင်းကဲ့သို့ ရိုက်ထည့် လိုက်ပါက ဖုန်းတွင် Successfulဟုပေါ်လာ မည်ဖြစ်ပြီး လုပ်ဆောင်ချက် ပြီးမြောက်ပါ ကဖုန်းမှ Message စမ်းသပ်ပို့သင့်ကြောင်း သိရသည်။

Message ပို့၍ရပြီဆိုပါက ထပ်မံပြုလုပ်ရန် မလိုအပ်တော့သော်လည်း Message ပို့၍ မရသေးပါကဖုန်းအားပါဝါခေတ္တပိတ်ကာ ပြန်လည်ဖွင့်ကြည့် ရမည်ဖြစ်သည်။ဖုန်းပြန် လည် ပွင့်လာချိန်တွင် Message ပြန်လည် ပို့ကြည့်ပါကအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖုန်းအားပါဝါ ပိတ်ကာပြန် ဖွင့် ပြီးချိန်ထိ Message မထွက်သေးပါက နောက်တစ်ကြိမ်ပြန်လည်ပြုလုပ်ရမည် ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ဖြစ်ခြင်းမှာ ဗားရှင်းတင်ပြီးချိန် တွင် ဖြစ်တတ်သော ပြဿနာတစ်ခု သာ ဖြစ်ပြီး အများအားဖြင့် Jailbreak ပြုလုပ် ထားသောဖုန်းများတွင်ပိုမိုဖြစ်တတ်ကြောင်းသိရသည်။ Jailbreak ပြု လုပ်ထားသော ဖုန်းများမှာ ဖုန်းတွင်းရှိ အချက်အလက်များ အားလုံးနှင့်တကွဆော့ဖ်ဝဲများ၊ ဂိမ်းများ အားလုံး ပျက်စီးသွားနိုင်သည့် အပြင် ယင်း ကဲ့သို့ Message Center နံပါတ်များပါ ပျောက်ကွယ်သွားခြင်းများပါ ဖြစ်တတ် ကြောင်း သိရသည်။ Jailbreak မပြုလုပ် ထားသော အချို့သောဖုန်းများတွင်လည်း ရံဖန်ရံခါ ယင်းကဲ့သို့ပြဿနာများ ဖြစ်ပွား တတ်ကြောင်း သိရသည်။


Credit : အင်တာနက်ဂျာနယ်- အတွဲ (၁၄)၊ အမှတ် (၄၉)